အိမ်မှာစိုက်ရင်လူခိုက်တတ်သည့်ဂမုန်းပင်(၃)မျိုးဂမုန်းဆိုတဲ့အပင်မျိုးနွယ်လေးကတော့မြန်မာလူမျိုးတွေအတွက်သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်။ဥရှိတဲ့အပင်များစွာကိုဂမုန်းလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေကအပင်ကြီးတွေမှာတွယ်ကပ်ပေါက်တက်တဲ့အပင်မျိုးဖြစ်ပါတယ်။ ရှေးခေတ်ကမြန်မာလူမျိုးတွေဟာဂမုန်းပင်လေးတွေကိုစီးပွားလာဘ်လာဘတိုးတက်ဖို့၊ရာထူးအာဏာတိုးတက်ဖို့၊ဧည့်ကောင်းဆောင်ကောင်းလာဖို့၊မီးကွင်းဖို့၊သူခိုးဓားပြအန္တရာယ် ကင်းဖို့ဆိုပြီးခြံဝန်းထဲမှာစိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်းအပင်လေးတွေအဖြစ်ပါစိုက်ပျိုးလာကြပါတယ်။ဒါကပြဿနာမဟုတ်ပေမယ့်ဂမုန်းပင်တွေထဲမှာမှအိမ်တွင်းမှာလုံးဝမစိုက်ပျိုးသင့်တဲ့အပင်တွေကလည်းရှိနေပါတယ်။အဲအပင်(၃)မျိုးကိုစိုက်ပျိုးရေးဝါသနာရှင်တွေသထိထားဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ ၁။ဆင်စွယ်ဂမုန်းဆင်စွယ်ဂမုန်းကတော့ မြေကြီးမှတစ်ပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့အပင်ချင်းတူပါတယ်။ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကိုစီးပွားလာဘ်လာဘဖြစ်စေတဲ့ဂမုန်းမျိုးမဟုတ်ပဲအမျိုးသားတွေဒီအပင်ကိုကျော်ဖြတ်မိပါက အူကျခြင်းကိုဖြစ်စေတက်တယ်လို့တချို့ကလည်းပြောကြပါတယ်။ဒါ့အပြင်ငါးရံ့၊ငါးကွင်းနှင့်ဆင်စွယ်တစ်ထောင့်ရောချက်ပါကဒူလာသွေးဝမ်းပျက်တယ်လို့လည်းပြောကြပါတယ်။ဆင် စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါကတစ်ဦးနဲ့တစ်ဦးအကြောင်းမရှိပဲရန်လိုခြင်း၊မိသားစုအတွင်းပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခုဖြစ်တက်ခြင်း၊ဘေးရန်များခြင်းစတဲ့စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ဂမုန်းပင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂမုန်းစိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့အထူးရှောင်ကြဉ်စေချင်ပါတယ်။ ၂။ဆင်ဂမုန်းဆင်ဂမုန်းရဲ့အရွက်ဟာကွမ်းရွက်နဲ့ပုံစံတူပြီးတော့အရွက်ထူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်းမိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။ဆင်ဂမုန်းစိုက်ပျိုးသူ၉၀ရာခိုင်နှုန်းဟာကျန်းမာ ရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ဒါကြောင့်ဆင်ဂမုန်းဟာအိမ်တွင်းမှ စိုက်ပျိုးဖို့လုံးဝမသင့်တော်တဲ့ဂမုန်းပင်တွေထဲမှာတစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ၃။ […]