အိမ်မှာခွေးတစ်ကောင်ရှိရင်သိထားသင့်သောနမိတ်များ ၁။ သမီးရည်းစားလင်မယားနှစ်ယောက်တွဲလျှောက်နေတဲ့ကွားခွေးဖြတ်၀င်ရင်အဲ့အတွဲမကြာခင်ရန်ထသတ်တတ်ပါတယ်။ ၂။မိန်းကလေးတွေခြေထောက်ကြားခွေးဖြတ်တိုးရင်သူ့ကိုမကြာခင် အဖေဆူမလား၊လင်ရိုက်မလားတစ်ခုခုပါပဲ။ ၃။မွေးစကလေးကို ခွေးလျှာနဲ့လျှက်သွားရင်အဲ့ကလေးဆေးစွမ်းပါတယ်(နေမကောင်းရင်သူ့ဆေးတိုက်ခိုင်းပါ။ ၄။ပျောက်ခဲတဲ့အနာကိုခွေး လျှာနဲ့လာလျှက်ပေးရင်းဆေးကုပေးတာပါ။မကြာခင်ပျောက်သွားတတ်ပါတယ်။ ၅။အိမ်လာတဲ့ဧည့်သည် ခွေးမျက်ခြေပြတ်မခံရန်စောင်နေရင်အဲ့ဧည့်သည်အကြံဆိုးကြီးနဲ့လာလို့ပါသတိထားပါ။ ၆။ဘာမှမရှိတဲ့နေရာခွေးစူးစူးစိုက်စိုက်ကြည့်နေရင်နာနာဘာ၀ တွေ့လို့ပါ။လှုပ်တာနဲ့သူ့ဘက် မလာအောင်ထဟောင်ပါလိမ့်မယ်။ ၇။ဘယ်ခြေနဲ့ခွေးချေးနင်းမိရင်ကံကောင်းတတ်ပြီးညာခြေနဲ့ နင်းမိရင်တော့ကံဆိုးတတ်ပါတယ်။ ၈။ခွေးလေခွေးလွင့်အိမ်အထိတကောက်ကောက် လိုက်လာရင်အကျိုးပေးပါတယ်မွေးထားပါ။ခွေးနက်ဆိုပိုကောင်းပါတယ်(မိုးရွာထဲမှာခွေးကိုယ့်နောက်လိုက်လာရင်အလိုက်မခံပါနဲ့။နိမိတ်မကောငျးပါ။ ၉။ကိုယ်မသိတဲ့ခွေးစိမ်း ခပ်တည်တည်အိမ်ပေါ်တက်လာရင်မိတ်ဆွေကောငျးမကြာခင်ရတတ်ပါတယ်။ ၁၀။ခွေးတွေကျိုကျိုကြားကြား ပုန်းအိပ်နေရငျလေမိုးပြင်းထန်တတ်ပါတယ် ၁၁။ခွေးမြက်စားရင်မကြာခင်မိုးကျပါတော့မယ် ၁၂။မမာတဲ့သခင်အနားခွေးလာကပ်တာသူအနှောင့်အယှက်မြင်လို့စောင့်ပေးတာပါ။မောင်းမထုတ်ပါနဲ့ ၁၃။လူမမာရှိတဲ့အိမ်ကိုလမ်းကခွေးတှေမောင်းမရအောင်ဝိုင်းဟောင်းနေရင်အဲ့လူမမာအထူးဂရုစိုက်ပါ […]