သင်ထုတ်မပြလေ့ရှိတဲ့ စိတ်နေစိတ်ထားတွေကို ရှာကြည့်ကြမယ်







credit to lotaya

သင်ထုတ်မပြလေ့ရှိတဲ့ စိတ်နေစိတ်ထားတွေကို ရှာကြည့်ကြမယ်

(၁) သင့်မှာ လွတ်လပ်စွာနေထိုင်လိုစိတ် ပျင်းပြလျက်ရှိပါတယ်။ ဘယ်သူ့ရဲ့အထိန်းအချုပ်အောက်မှ အရောက်မခံရအောင်လည်း အမြဲတမ်း သတိကပ်ထားလေ့ရှိပါတယ်။ သင့်ရဲ့ဖန်တီးနိုင်စွမ်းရှိတဲ့ တီထွင်ကြံဆမှုရှိတာတွေကို သတိမထားမိနေပါဘူး။ တစ်ခါတစ်ရံ သိပ်အထီးကျန်လေ့ရှိတတ်ပေမယ့် ဘာမှမဖြစ်မလို နေတတ်ပါတယ်တဲ့လေ။

(၂) ပွင့်လင်းပြီး တည်ကြည်လွန်းတဲ့ လူစားမျိုးပါ။ ဒါပေမဲ့ သင်ဟာ သူများအတွက်ဆို တစ်ဖက်သားက မတောင်းဆိုရင်တောင်မှပဲ အမြဲတမ်း ကူညီပေးချင်နေတာ။ ကြာလာတော့လူတွေက သင့်ကိုဆရာကြီးလုပ်လွန်းတယ်၊ နေရာတကာဝင်ပါတယ်လို့ ထင်လာကြပါလိမ့်မယ်။ သင်တော်တာတတ်တာတော့မှန်ပေမယ့် တစ်ခါတစ်လေမှာ ဟီးရိုးလုပ်ပြချင်တဲ့ စိတ်ထားလေးတွေကို နည်းနည်းလေး လျှော့လိုက်ပါဦး။

(၃) ဘယ်အရာမဆို အကောင်းမှ ကြိုက်တတ်တယ်၊ ကြီးကြီးကျယ်ကျယ်နေတတ်တယ်။ ဒါပေမဲ့ ဒါကိုလည်း သင်မသိပါဘူး။ ဘေးလူတွေကတော့ ပိုသိပေါ့နော်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်ကလူတွေကို အကြံဉာဏ်ကောင်းတွေပေးတယ်၊ ဖော်ရွေမှုတွေကြောင့် သင့်ကိုတော့ လူတိုင်းက ခင်မင်ကြပါတယ်။

(၄) သင် ခရီးထွက်ရတာကြိုက်တ်မဟုတ်လား။ အမှန်တော့ သင်ဟာ ခရီးထွက်ရတာကြိုက်ရတာဟာ တစ်နေရာတည်းမှာ အချိန်အကြာကြီး နေပြီး နေ့စ္စဒူဝမှာလည်း ငြီးငွေ့ဖွယ်ကိစ္စတွေကိုပဲ လုပ်ဆောင်ရတာကို မုန်းတာပါ။

(၅) သိစိတ်ကတော့ ဘဝရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု သတ်မှတ်ရင်း ကြိုးစားနေပေမယ့် မသိစိတ်မှာတော့ လက်ရှိအနေအထားနဲ့လည်း ရောင့်ရဲနေတဲ့သူမျိုးပါ။ ဒီအပြင် သင်သိထားတာထက်ကို သဘာဝတရားကြီးတွေ၊ သတ္တဝါလေးတွေ၊ အပင်တွေကို ပိုချစ်ပါတယ်တဲ့။

credit to lotaya

Be the first to comment

Leave a Reply

Your email address will not be published.


*