ဆောင်းတွင်းမှာအဖြစ်များတဲ့ နှာရည်ယို နှာခေါင်းပိတ်ခြင်းများအတွက်
ဆောင်းတွင်းမှာအဖြစ်များတဲ့ နှာရည်ယို နှာခေါင်းပိတ်ခြင်းများအတွက် ကင်ပွန်းချဉ်သီးခြောက်
ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင် ပွန်း ချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။
ကင်ပွန်းချဉ်ပင်သည် နွယ် ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။
အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။
အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။
ဆေးနည်း – ၁။ ကင်ပွန်းသီးခြောက်ကို ပြစ်ပြစ်လေးသွေးပြီး နှာခေါင်းပေါ်ကို လူးပါ၊၂။ နှာခေါင်းဝမှာ ပုံပါ၊
၃။ ၁ နာရီခွဲလောက်ကြာတဲ့အခါမှာ လူးထားတာတွေခြောက်သွားမယ်၊ ခွာလိုက်ပါ၊(မှတ်ချက်၊ နှာဆက်တိုက်ခြေပါလိမ့်မယ်ပြီးရင်နှာရည်တွေပေါက်ပေါက်ကျလာလိမ့်မယ်)၊
၄။ ၁ ရက် ၂ကြိမ်လုပ်ပါ၊၄ ရက်လုပ်ပြီးရင်ပေါ့သွားပါပြီ၊ပျောက်သွားတဲ့ထိဆိုရင်ချိန်ဆပြီး ဆက်လုပ်ပါ၊ကိုယ်တွေ့ မှတ်တမ်းတခု ဖြစ်ကြောင်းသိရှိရပါတယ်။
မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည်။
မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။
——————-
Be the first to comment
Leave a Reply
Your email address will not be published.
*