မိုးၾကီၤးရြာမယ့္ ေဒသမ်ား

ေန႔စဥ္မိုးေလဝသသတင္း

(၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔ နံနက္(၇:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလအားနည္းေနပါသည္။

ထူးျခားသည့္အေျခအေန။ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရေတာင္တ႐ုတ္ ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာတိုင္ဖြန္းမုန္တိုင္း“နို႐ူ”(Noru)သည္ ဗီယက္နမ္နိုင္ငံ၊ ဒါနန္းၿမိဳ႕၏ အေရွ႕ ဘက္ ေရမိုင္(၂၇၀)မိုင္ခန႔္အကြာပင္လယ္ျပင္ကိုဗဟိုျပဳေနပါသည္။ အဆိုပါ တိုင္ဖြန္းမုန္တိုင္း“နို႐ူ”(Noru)သည္ အေနာက္ဘက္သို႔ဆက္လက္ေရြ႕လ်ားၿပီး၊

ဗီယက္နမ္နိုင္ငံအလယ္ပိုင္းကမ္းေျခကို (၂၈.၉.၂၀၂၂)ရက္ေန႔နံနက္ပိုင္းတြင္ ျဖတ္ေက်ာ္ဝင္ေရာက္နိုင္ကာ၊ အပူပိုင္းမုန္တိုင္း“နို႐ူ”(Noru)အျဖစ္သို႔ အားေလ်ာ့သြားမည္ ဟုခန႔္မွန္းရပါသည္။ အဆိုပါ တိုင္ဖြန္းမုန္တိုင္း“နို႐ူ”(Noru)သည္ အေနာက္ဘက္သို႔ ဆက္လက္ေရြ႕ လ်ားနိုင္ၿပီး၊ ကုန္းတြင္းမုန္တိုင္းငယ္အျဖစ္ တျဖည္းျဖည္းအားေလ်ာ့သြားမည္ဟုခန္မွန္းရပါသည္။

ယေန႔ညေနအထိခန္႔မွန္းခ်က္။ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)တြင္ ေနရာကြက္က်ား၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ့အျပားမိုးထစ္ခ်ဳန္းရြာၿပီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။လွိုင္းအနည္းငယ္မွ လွိုင္းအသင့္အတင့္ရွိမည္။ လွိုင္းအျမင့္မွာျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၄)ေပမွ (၆)ေပခန္႔ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန္႔မွန္းခ်က္။ ျမန္မာနိုင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ထစ္ခ်ဳန္းမည့္အေျခအေနမ်ားဆက္လက္ျဖစ္ေပၚေနမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ားမိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ားမိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန္႔မွန္းခ်က္။ ေနရာကြက္က်ားမိုးထစ္ခ်ဳန္းရြာမည္။ ရြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားနည်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရတောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း“နိုရူ”(Noru)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏ အရှေ့ ဘက် ရေမိုင်(၂၇၀)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း“နိုရူ”(Noru)သည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို (၂၈.၉.၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကာ၊ အပူပိုင်းမုန်တိုင်း“နိုရူ”(Noru)အဖြစ်သို့ အားလျော့သွားမည် ဟုခန့်မှန်းရပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း“နိုရူ”(Noru)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်းအားလျော့သွားမည်ဟုခန်မှန်းရပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*