
ဒီနေ့ ညသန်းခေါင်းမှာ လေတိုက်နှုန်း တစ်နာရီ ၇၅မိုင်ထိရှိလာမည့် မုန်တိုင်းသတင်း

ဒီနေ့ည သန်းခေါင်ကျော်အချိန်မှာ တောင်တရုတ်ပင်လယ်က မုန်တိုင်း CHABA(04W)ဟာ တိုင်ဖွန်းမုန်တိုင်းအဆင့်ကိုရောက်လာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်အထိရှိလာပါမယ်။

ဇူလိုင်လ ၂ ရက် စနေနေ့မွန်းလွဲပိုင်းမှာတော့ တရုတ်ပြည်မကမ်းခြေနဲ့ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ

မုန်တိုင်းဟာအားပိုကောင်းလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ အထိရောက်လာမယ်လို့ model forecast တွေမှာ တွေ့ရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စ ပြီး ဇူလိုင်လ ၅ ရက် ညပိုင်းအထိ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နယ်စပ်အနီးက ပင်လယ်ပြင်ပေါ်မှာ ဖြစ်လာနိုင်မဲ့ အထက်လေဝဲစီးကြောင်း(Upper Air Cyclonic Circulation)ကြောင့် –

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးမှာ နေရာစိပ်စိပ်မိုးသည်းထန်နိုင်ပြီး၊ ကမ်းရိုးတမ်းနဲ့ နီးတဲ့ ဒေသများ

(ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရခိုင်ပြည်နယ်ကမ်းရိုးတန်း၊ မွန်တနင်္သာရီကမ်းရိုးတန်းဒေသတွေ)နဲ့ အလယ်ပိုင်းဒေသတချို့မှာ လေပြင်းတိုက်ခတ်တာလဲ ရှိလာနိုင်ပါမယ်။

Crd… Win Naing

Unicode

ဒီနေ့ ညသန်းခေါင်းမှာ လေတိုက်နှုန်း တစ်နာရီ ၇၅မိုင်ဝင်မည့် မုန်တိုင်းသတင်း

Be the first to comment

Leave a Reply

Your email address will not be published.

*