
Zawgyi
သင္ဟာပရိတ္ပဌာန္းေတြ ပုံမွန္႐ြတ္ဖတ္ပူေဇာ္သူျဖစ္တယ္ဆိုရင္ ဒီအခ်က္ေလးေတြကို သတိထားလုပ္ေစခ်င္
ပရိတ္ပ႒ာန္းဂါထာေတာ္ေတြ ႐ြတ္ဆိုၾကတဲ့အခါ ဝတ္တက္ၾကတဲ့အခါ
(၁)အဝတ္အစားလဲသင့္လဲရမယ္။ ေျခလက္ခံတြင္းသုတ္သင္ၿပီး ၾကည္လင္သန႔္ရွင္းေစရမယ္။ (မဇၩိမပီယဇာတိသုတ္)
(၂)ပရိတ္႐ြတ္တဲ့ပုဂၢိဳလ္မ်ား နမူနာအတိုင္း မိမိ႐ြတ္တဲ့ဂါထာေတာ္ ဂုဏ္ေတာ္ေတြကို ပိုၿပီးအာနိသင္ရွိေစခ်င္ရင္ အနက္အဓိပၸါယ္ကိုလည္းသိထားရမယ္၊ သိေအာင္လုပ္ရမယ္။ က်က္သင့္တာက်က္ထားရမယ္။
(၃)ဘယ၊လာဘ၊ကုလစာရ ေၾကာက္တဲ့စိတ္၊ ျဖစ္ေစခ်င္တဲ့စိတ္ (အေမွ်ာ္စိတ္) ေနာက္ၿပီးမိ႐ိုးဖလာ လုပ္႐ိုးလုပ္စဥ္မို႔ လုပ္ရတာမ်ိဳးမျဖစ္ေစရဘူး။
(၄)ဘီလူးသဘက္ေတြႀကိဳက္တတ္တဲ့ သားငါးစားတာမ်ိဳးကိုလည္းေရွာင္ရမယ္။ လယ္တီဆရာေတာ္ႀကီးေျပာသလို ဘီလူးသဘက္ႏွင္တဲ့ကမၼဝါစာကိုအမဲသာစားတဲ့ပါးစပ္ႀကီးနဲ႔ ႐ြတ္လို႔ေနရာမက်ဘူး။
(၅)ေရာဂါျဖစ္လို႔ တစ္စုံတစ္ရာဒုကၡျဖစ္လို႔ တစ္ျခားလူျဖစ္ျဖစ္ ကိုယ္တိုင္ျဖစ္ျဖစ္ေပါ့၊ မိမိ႐ြတ္တဲ့ပရိတ္ေတာ္မ်ားဂါထာေတာ္မ်ားအစြမ္းအာနိသင္ထက္ဖို႔လိုအပ္တဲ့အခါ ေရ၊ဆီ၊သဲ၊ခ်ည္၊ လက္ကိုင္ပဝါစသည္ကို ႐ြတ္တဲ့လူရဲ႕လက္ႏွင့္ ထိေတြ႕လႈပ္ခါကိုင္တြယ္ၿပီး ႐ြတ္ဆိုသင့္တယ္။
ဒါျမတ္စြာဘုရားရွင္တို႔ရဲ႕ အာဏာစက္သြင္းတယ္လို႔ေခၚပါတယ္။ (ေလာကီနည္းမဟုတ္ပါဘူး) ဝိနည္းအ႒ကထာမွာလာတဲ့လုပ္ထုံးပါ။
(၆)မိမိလုပ္ေနက် ဓမၼဝတ္ကိုပုံမွန္လုပ္ရမယ္၊ စြဲစြဲၿမဲၿမဲဝတ္ထားၿပီးလုပ္ရမယ္။ ဒါမွပိုၿပီးထိေရာက္ပါတယ္။ ဆြမ္းဝတ္၊ေရတြင္းေရကန္၊ေက်ာင္းဝတ္ႏွင့္ ႐ြတ္ဆိုႏွလုံးသြင္းမႈ စတဲ့ဝတ္ထားၿပီးလုပ္တဲ့ကုသိုလ္မွန္သမွ်ဟာ သရဏဂုံငါးပါးသီလၿမဲတဲ့လူလို အပါယ္မက်ႏိုင္ဘူး။
ဒီဝတ္ၿမဲတဲ့လူဟာ ေသာတာပန္ႏွင့္တူတယ္။႐ြတ္ၾကဖက္ၾကတဲ့ကိစၥျဖစ္ျဖစ္တရားဘာဝနာအလုပ္မွာပဲျဖစ္ျဖစ္ေထရဝါဒစစ္စစ္ဘာသာေရးအလုပ္မွန္သမွ်မွာ ပုတီးဘယ္ႏွစ္ပတ္စိပ္ရမယ္ ဆိုတဲ့အခန္းမပါဘူး။
ဓမၼာစရိယဦးေဌးလႈိင္၏ ခရီးေဖာ္စာအုပ္မွ ကူးယူေဖာ္ျပပါသည္။ သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ၍ လိုရာဆႏၵျပည့္ဝၾကပါေစ။
Credit to အရွင္ရာဇာန
Unicode
သင်ဟာပရိတ်ပဌာန်းတွေ ပုံမှန်ရွတ်ဖတ်ပူဇော်သူဖြစ်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားလုပ်စေချင်
ပရိတ်ပဋ္ဌာန်းဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ
(၁)အဝတ်အစားလဲသင့်လဲရမယ်။ ခြေလက်ခံတွင်းသုတ်သင်ပြီး ကြည်လင်သန့်ရှင်းစေရမယ်။ (မဇ္ဈိမပီယဇာတိသုတ်)
(၂)ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များ နမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော် ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင် အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ်၊ သိအောင်လုပ်ရမယ်။ ကျက်သင့်တာကျက်ထားရမယ်။
(၃)ဘယ၊လာဘ၊ကုလစာရ ကြောက်တဲ့စိတ်၊ ဖြစ်စေချင်တဲ့စိတ် (အမျှော်စိတ်) နောက်ပြီးမိရိုးဖလာ လုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုးမဖြစ်စေရဘူး။
(၄)ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ်။ လယ်တီဆရာတော်ကြီးပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကိုအမဲသာစားတဲ့ပါးစပ်ကြီးနဲ့ ရွတ်လို့နေရာမကျဘူး။
(၅)ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့၊ မိမိရွတ်တဲ့ပရိတ်တော်များဂါထာတော်များအစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ၊ဆီ၊သဲ၊ချည်၊ လက်ကိုင်ပဝါစသည်ကို ရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီး ရွတ်ဆိုသင့်တယ်။
ဒါမြတ်စွာဘုရားရှင်တို့ရဲ့ အာဏာစက်သွင်းတယ်လို့ခေါ်ပါတယ်။ (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ။
(၆)မိမိလုပ်နေကျ ဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ်၊ စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ်။ ဒါမှပိုပြီးထိရောက်ပါတယ်။ ဆွမ်းဝတ်၊ရေတွင်းရေကန်၊ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှု စတဲ့ဝတ်ထားပြီးလုပ်တဲ့ကုသိုလ်မှန်သမျှဟာ သရဏဂုံငါးပါးသီလမြဲတဲ့လူလို အပါယ်မကျနိုင်ဘူး။
ဒီဝတ်မြဲတဲ့လူဟာ သောတာပန်နှင့်တူတယ်။ရွတ်ကြဖက်ကြတဲ့ကိစ္စဖြစ်ဖြစ်တရားဘာဝနာအလုပ်မှာပဲဖြစ်ဖြစ်ထေရဝါဒစစ်စစ်ဘာသာရေးအလုပ်မှန်သမျှမှာ ပုတီးဘယ်နှစ်ပတ်စိပ်ရမယ် ဆိုတဲ့အခန်းမပါဘူး။
ဓမ္မာစရိယဦးဌေးလှိုင်၏ ခရီးဖော်စာအုပ်မှ ကူးယူဖော်ပြပါသည်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
Credit to အရှင်ရာဇာန
Leave a Reply