
အင်္ဂါသားသမီးများ ကံပိတ်၊ လာဘ်ပိတ်ဖြစ်နေပါက
ကုသိုလ်ကာမာဝစရ ကံစွမ်းဖွင့်၊ လာဘ်ပွင့်အစီရင်
အင်္ဂါသားသမီး ကံပိတ်၊ လာဘ်ပိတ်ဖြစ်နေပြီး လုပ်သမျှ အဆင်မပြေ လွဲချော်နေပြီး ဒုက္ခဖြစ်နေပါက ဆောင်ရွက်ပုံ …
– စနေနေ့ နံနက် ၇ နာရီ၊ ၃ မိနစ်အချိန်တွင် ဒံပေါက်ထမင်းပေါ်တွင် အကြော်မျိုးစုံ ၁၀ ခု စုပေါင်းတင်လှူကာ
– ဇွန်းခက်ရင်းတစ်စုံတပ်ပြီး သစ်သီး ၅ မျိုး ပန်းကန်တစ်ချပ်တွင် လှူပြီး
– တံခွန်၊ ဝါ၊ စိမ်း၊ နီ၊ ပြာ ဖြူ ပန်းအိုးတစ်ခုဖြင့် တင်လှူဘုရားကန်တော့ပြီး ဆုတောင်းပါ။
– ဂုဏ်တော် ၉ ပါး ပုတီး ၁၀ ပတ်စိပ်ရပါမည်။
– ဆုတောင်းကာ အမျှဝေပြီး ၁၀ ရက်ဆက်တိုက်လုပ်ရပါမည်။
သိသာ ထင်ရှားစွာ ထူးခြားလာမည်ဖြစ်ပါတော့၏။ အဓိဋ္ဌာန်ဆောင်ရွက်စဉ် ရက်ပိုင်းအတွင်းတွင် အိမ်မှာရှိသော သစ်ပင် သို့မဟုတ် မရှိပါက လမ်းဘေးသစ်ပင်တွင် ကံပွင့်အမွှေးတိုင် လှူပြီး ဆုတောင်းပါ။ သိကြား၊ ဗြဟ္မာ နတ်ဒေဝါတွေ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေ အမျှပေးဝေပါ၊ ကံပွင့်ပါစေ၊ လာဘ်ပွင့်ပါစေ၊ အောင်မြင်ပါစေ၊ အဆင်ပြေပါစေ ဆုတောင်းပါ ထူးခြားလာမည်။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါ။
“ယုံကြည်မှုသာ ပိုပါစေ . . .
ယုံကြည်စွာဖြင့် သဒ္ဓါပိုပြီး
နေ့စဉ်အထုံ ဆောင်ရွက်ပါက
အောင်မြင်မှုပေါင်း သရဖူဆောင်း၏”
မေတ္တာ စေတနာဖြင့်
သစ်တံခါး ဆရာတော်
သစ်တံခါးဆရာတော်၏ ကံထူးကံမြင့်ကံပွင့်စေကြောင်း အဓိဌာန်ကျင့်စဉ်ကောင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။
#မနောမယ
=========
အဂၤါသားသမီးမ်ား ကံပိတ္၊ လာဘ္ပိတ္ျဖစ္ေနပါက
ကုသိုလ္ကာမာဝစရ ကံစြမ္းဖြင့္၊ လာဘ္ပြင့္အစီရင္
အဂၤါသားသမီး ကံပိတ္၊ လာဘ္ပိတ္ျဖစ္ေနၿပီး လုပ္သမၽွ အဆင္မေၿပ လြဲေခ်ာ္ေနၿပီး ဒုကၡျဖစ္ေနပါက ေဆာင္ရြက္ပုံ …
– စေနေန႔ နံနက္ ၇ နာရီ၊ ၃ မိနစ္အခ်ိန္တြင္ ဒံေပါက္ထမင္းေပၚတြင္ အေၾကာ္မ်ိဳးစုံ ၁၀ ခု စုေပါင္းတင္လႉကာ
– ဇြန္းခက္ရင္းတစ္စုံတပ္ၿပီး သစ္သီး ၅ မ်ိဳး ပန္းကန္တစ္ခ်ပ္တြင္ လႉၿပီး
– တံခြန္၊ ဝါ၊ စိမ္း၊ နီ၊ ျပာ ျဖဴ ပန္းအိုးတစ္ခုျဖင့္ တင္လႉဘုရားကန္ေတာ့ၿပီး ဆုေတာင္းပါ။
– ဂုဏ္ေတာ္ ၉ ပါး ပုတီး ၁၀ ပတ္စိပ္ရပါမည္။
– ဆုေတာင္းကာ အမၽွေဝၿပီး ၁၀ ရက္ဆက္တိုက္လုပ္ရပါမည္။
သိသာ ထင္ရွားစြာ ထူးျခားလာမည္ျဖစ္ပါေတာ့၏။ အဓိ႒ာန္ေဆာင္ရြက္စဥ္ ရက္ပိုင္းအတြင္းတြင္ အိမ္မွာရွိေသာ သစ္ပင္ သို႔မဟုတ္ မရွိပါက လမ္းေဘးသစ္ပင္တြင္ ကံပြင့္အေမႊးတိုင္ လႉၿပီး ဆုေတာင္းပါ။ သိၾကား၊ ျဗဟၼာ နတ္ေဒဝါေတြ ႐ုကၡစိုး၊ ဘုမၼစိုးနတ္ေတြ အမၽွေပးေဝပါ၊ ကံပြင့္ပါေစ၊ လာဘ္ပြင့္ပါေစ၊ ေအာင္ျမင္ပါေစ၊ အဆင္ေျပပါေစ ဆုေတာင္းပါ ထူးျခားလာမည္။ ေဆာင္ရြက္ၾကည့္ပါ။ လက္ေတြ႕ပါ။
“ယုံၾကည္မႈသာ ပိုပါေစ . . .
ယုံၾကည္စြာျဖင့္ သဒၶါပိုၿပီး
ေန႔စဥ္အထုံ ေဆာင္ရြက္ပါက
ေအာင္ျမင္မႈေပါင္း သရဖူေဆာင္း၏”
ေမတၱာ ေစတနာျဖင့္
သစ္တံခါး ဆရာေတာ္
သစ္တံခါးဆရာေတာ္၏ ကံထူးကံျမင့္ကံပြင့္ေစေၾကာင္း အဓိဌာန္က်င့္စဥ္ေကာင္း စာအုပ္မွ ကူးယူေဖာ္ျပပါသည္။
#မေနာမယ
Leave a Reply