






မိုးဦးလေဦး သတိထားပါ ⛈⛈⛈⛈⛈⛈









ကောလင်းမိုး 🌧🌧🌧🌧




unicode

မုန်တိုင်း လျှပ်စီးမိုးကြိုးနှင့် ရုတ်တရက်လေပြင်းအန္တရာယ်သတိပြုရန်နှင့်တစ်ပတ်အတွင်းမိုးကြီးမည့်ဒေသများ

မုန်တိုင်းများနှင့် အနောက်တောင်မုတ်သုန်လေ

ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၂ မေလ၅ရက်နေ့မှ ၁၁ရက်နေ့အတွင်း မုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တဲ့အလားအလာများနေပါတယ်

မေလ ၁၂ရက်နေ့မှ ၁၈ရက်နေ့အတွင်းမှာလည်း နောက်ထပ် မုန်တိုင်းတစ်လုံး ထပ်မံဖြစ်နိုင်ပြန်ပါတယ် မေလ ၁၉ရက်နေ့မှ ၂၅ရက်နေ့အတွင်းမှာတော့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကြီးကို အနောက်တောင်မုတ်သုန်လေ စတင်ဝင်ရောက်လာနိုင်ပါတယ်

မုန်တိုင်းအန္တရာယ် ရှိချိန်ဖြစ်လို့ မင်းဂွတ်သီးလေးရဲ့ အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်း ခန့်မှန်းပေးချက်တွေကို အချိန်နှင့် တပြေးညီ တင်ပေးသွားပါမယ်

ခန့်မှန်းချိန် 29/04/2022 at 10:00AM(MMT)

မိုးဦးလေဦး သတိထားပါ ⛈⛈⛈⛈⛈⛈

ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဒေသတွေမှာ ၂၀၂၂ မေလ ၁ရက်နေ့မှ ၃ရက်နေ့အတွင်း လေမိုး လျှပ်စီးမိုးကြိုး ရုတ်တရက်လေပြင်း ဝှေ့ဝှိက်လေ အန္တရာယ်သတိပြုရပါမယ်

ခန့်မှန်းချိန်29/04/2022 at 7:03AM(MMT)

၂၀၂၂ မေလ ၄ရက်နေ့မှ ၁ဝရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း ကပ္ပလီပင်လယ် ဆက်စပ်ဧရိယာမှာ မုန်တိုင်းတလုံးဖြစ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွေမှာ မိုးများစွာ ရွာနိုင်တယ်လို့ …

ဒေသများမှာ ချင်းပြည်နယ် ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ် နေပြည်တော် ကယားပြည်နယ်တို့ဖြစ်ပြီး တောင်ပိုင်းဒေသတွေကတော့ ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် နှင့် တနင်္သာရီ တိုင်းတွေပဲဖစ်ပါတယ်

မုန်တိုင်းအန္တရာယ်ရှိချိန်ဖြစ်လို့ မင်းဂွတ်သီးလေး(Su Su San) ရဲ့ မြန်မာပြည်သူတွေအတွက်မိုးလေးဝသခန့်မှန်းပေးချက်တွေကို အချိန်နှင့်တပြေးညီတင်ပေးသွားပါမယ်

ခန့်မှန်းချိန် 29/04/2022 at 10:23AM(MMT)

03/05/2022ရက်နေ့ မိတ္ထီလာခရိုင် မိုးကြီးနိုင်ပါတယ်

ခန့်မှန်းချိန် 30/04/2022 at 6:30AM(MMT)

ကောလင်းမိုး 🌧🌧🌧🌧

၂၀၂၂ မေလ ၃ရက်နေ့ နှင့် ၄ရက်နေ့တွေမှာ ဖောင်းပြင် ပင်လည်ဘူး ဗန်းမောက် ဝန်းသို ကောလင်း ဒေသတွေမှာ မိုးများစွာရွာနိုင်ပါတယ် သဖန်းဆိပ်ဆည် စီးဝင်ရေကောင်းနိုင်ပါတယ် ဒေါင်းမြူးချောင်းအတွင်း လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေကြသူများ အထူးသတိပြုကြပါ

ခန့်မှန်းချိန် 29/04/2022 at 6:04AM(MMT)

ပြည်သူ့အချစ်တော် မင်းဂွတ်သီးလေး(Su Su San)

Be the first to comment

Leave a Reply

Your email address will not be published.


*