တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေ

တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေ

မင်းအောင်လှိုင်နှင့်စစ်တပ်၏ ပြည်သူအပေါ် သတ်ဖြတ်နေသော လုပ်ရပ်ကို လက်မခံနိုင်တော့၍ လေတပ်မှ CDM လုပ်သူ စံချိန်တင်များလာ၊ တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေရဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်တပ်က ပြည်သူကို သတ် ဖြတ် နေသော လုပ်ရပ်များကို လက်မခံနိုင်တော့၍လေတပ်အတွင်းမှ CDM လုပ်ပြီး ပြည်သူ့ဘက်သို့ ခိုလှုံလာသော အရာရှိနှင့်စစ်သည်များ များပြား လာနေပြီး တပ်ထဲတွင် ဆိုင်းဘုတ်ထောင်ကာ CDM မလုပ်ရန် သတိပေး ရသည် အထိ ဖြစ်လာကြောင်း သိရှိရသည်။

နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင်ပင် CDM ပြု လုပ်ပြီးပြည်သူ့ဘက်သို့ ဘက်ပြောင်း ခိုလှုံလာသူ CDM အရာရှိနှင့် စစ်သည် ၁၈ ဦး ရှိကြောင်း၊ယင်း ပြည်သူ့ဘက်တော်သား CDM အရာရှိနှင့်စစ်သည် ၁၈ ဦး၏ ဓာတ်ပုံများကို တပ်လိုင်းခန်းများတွင် ထောင်ထားပြီး CDM မလုပ်ရန် သတိပေးမှုများ ရှိကြောင်း သိရှိရသည်။

နေပြည်တော် အမှတ် ၄၅ ကင်းထောက်လေယာဉ်စခန်းမှ CDM ပြုလုပ်သူ များ တွင် ဗိုလ်ကြီးဇေသူအောင် သည် ပထမဦးဆုံးသော CDM လေတပ်အရာရှိ အဖြစ် ပါဝင်လာပြီး ယခုအခါ လွတ်မြောက်နယ်မြေရောက်ရှိ‌နေပြီဖြစ်သည်။

တပ္ထဲတြင္ ဆိုင္းဘုတ္ေထာင္၍ CDM မလုပ္ရန္ သတိေပးေန

မင္းေအာင္လႈိင္ႏွင့္စစ္တပ္၏ ျပည္သူအေပၚ သတ္ျဖတ္ေနေသာ လုပ္ရပ္ကို လက္မခံႏိုင္ေတာ့၍ ေလတပ္မွ CDM လုပ္သူ စံခ်ိန္တင္မ်ားလာ၊ တပ္ထဲတြင္ ဆိုင္းဘုတ္ေထာင္၍ CDM မလုပ္ရန္ သတိေပးေနရဟုဆို

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ႏွင့္စစ္တပ္က ျပည္သူကို သတ္ ျဖတ္ ေနေသာ လုပ္ရပ္မ်ားကို လက္မခံႏိုင္ေတာ့၍ေလတပ္အတြင္းမွ CDM လုပ္ၿပီး ျပည္သူ႔ဘက္သို႔ ခိုလႈံလာေသာ အရာရွိႏွင့္စစ္သည္မ်ား မ်ားျပား လာေနၿပီး တပ္ထဲတြင္ ဆိုင္းဘုတ္ေထာင္ကာ CDM မလုပ္ရန္ သတိေပး ရသည္ အထိ ျဖစ္လာေၾကာင္း သိရွိရသည္။

ေနျပည္ေတာ္၊အမွတ္(၄၅)ကင္းေထာက္ေလယာဥ္စခန္းတြင္ပင္ CDM ျပဳ လုပ္ၿပီးျပည္သူ႔ဘက္သို႔ ဘက္ေျပာင္း ခိုလႈံလာသူ CDM အရာရွိႏွင့္ စစ္သည္ ၁၈ ဦး ရွိေၾကာင္း၊ယင္း ျပည္သူ႔ဘက္ေတာ္သား CDM အရာရွိႏွင့္စစ္သည္ ၁၈ ဦး၏ ဓာတ္ပုံမ်ားကို တပ္လိုင္းခန္းမ်ားတြင္ ေထာင္ထားၿပီး CDM မလုပ္ရန္ သတိေပးမႈမ်ား ရွိေၾကာင္း သိရွိရသည္။

ေနျပည္ေတာ္ အမွတ္ ၄၅ ကင္းေထာက္ေလယာဥ္စခန္းမွ CDM ျပဳလုပ္သူ မ်ား တြင္ ဗိုလ္ႀကီးေဇသူေအာင္ သည္ ပထမဦးဆုံးေသာ CDM ေလတပ္အရာရွိ အျဖစ္ ပါဝင္လာၿပီး ယခုအခါ လြတ္ေျမာက္နယ္ေျမေရာက္ရွိ‌ေနၿပီျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*