သံသယဖြစ်စရာ မေးခွန်းတွေနဲ့ ကျောက်ဖရားမြစ်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ ထိုင်းမင်းသမီး တန်မိုရဲ့အမှု့အကြောင်း(ရုပ်သံ)

သံသယဖြစ်စရာ မေးခွန်းတွေနဲ့ ကျောက်ဖရားမြစ်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ ထိုင်းမင်းသမီး တန်မိုရဲ့အမှု့အကြောင်း(ရုပ်သံ)

ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်စက်လှေစီးရင်း မြစ်ထဲ ပြုတ်ကျသွားခဲ့တဲ့ ထိုင်းမင်းသမီး တိုင်မိုရဲ့အလောင်းကို နှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်မှာ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ် ထိုင်းမင်းသမီး တိုင်မိုနိဒါးဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက ကျောက်ဖရားမြစ်ထဲမှာ သူမရဲ့ သူငယ်ချင်းငါးဦးနဲ့အတူ စပိဘုတ်စက်လှေစီးရင်း မြစ်ထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။

မင်းသမီး တိုင်မို မြစ်ထဲ ပြုတ်ကျသွားတဲ့ ညမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ၃၈ နာရီအကြာ ဒီနေ့ နေ့လယ် ၁ နာရီ၁၀ မိနစ်ကိုရောက်မှ အလောင်းကို ရှာတွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပ သတင်းဌာန တချို့ရဲ့အဆိုအရ တိုင်မိုဟာ လှေပေါ်မှာရှိတဲ့ အိမ်သာပျက် နေတာကြောင့် လှေနောက်ဘက်မှာ အပေါ့အပါးသွားဖို့ ထွက်သွားခဲ့ရာကနေ ပြုတ်ကျတာ ဖြစ်တယ်လို့လည်း သိရပြီး လက်ရှိမှာ သူမ သေဆုံးရတဲ့ အကြောင်းရင်းကို သိရဖို့တိုင်မိုရဲ့ အလောင်းကို ဆေးရုံဆီ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက် နေပြီလို့ သိရပါတယ်။

ဘန်ကောက် ရဲတပ်ဖွဲ့ဟာ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စပိဘုတ် မောင်းနှင်တဲ့သူကို ပေါ့ဆမှု လိုင်စင်သက်တမ်း ကုန်နေမှု့တွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။စပိဘုတ် မောင်းနှင်တဲ့ သူကလည်း ဘန်ကောက် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားကြောင်း သိရှိရပါတယ်။

တိုင်မိုရဲ့ လှေပေါ်ပါ သူငယ်ချင်း ငါးဦးဟာလည်း ထိုင်းရဲအရာရှိ တွေဆီကို လိုအပ်တဲ့ ထွက်ဆိုမှုတွေ ပြုလုပ်ဖို့ ဆက်သွယ်ထားတယ် လို့လည်းသိရပါတယ်။

သေဆုံးသူ မင်းသမီးတိုင်မိုရဲ့ မိခင်နဲ့ အကိုဖြစ်သူကတော့ ခုဖြစ်ရပ်ကို ရိုးရိုးသားသားမဟုတ်ပဲ လုံးဝသံသယ ဖြစ်စရာ ဖြစ်နေတယ်လို့ သတင်းဌာနရဲ့ မေးမြန်းမှု့ကို ဖြေကြားထားတာ တွေ့ရပါတယ်။Credit


Credit Video

Be the first to comment

Leave a Reply

Your email address will not be published.


*