ဒီအဖြစ်အပျက်ကအပြင်မှာတကယ်ဖြစ်သွားခဲ့တာပါ…မိဘကိုတန်ဖိုးထားတတ်ကြပါစေ….

ဒီအဖြစ်အပျက်ကအပြင်မှာတကယ်ဖြစ်သွားခဲ့တာပါ…

မိသားစုအတွက်အများကြီးဒုက္ခခံစွန့်လွှတ်ပေးခဲ့တဲ့

ဖခင်တစ်ယောက်ရဲ့နောက်ဆုံးမီးစာကုန်ရေခမ်းတဲ့

အချိန်လေးပေါ့…

သားနှစ်ယောက်မွေးထားခဲ့တယ်.ဇနီးသည်ကွယ်လွန်ခဲ့ပြီးအသက်အရွယ်အိုမင်းမစွမ်း

ဖခင်ကြီးဟာ….လေဖြတ်ပြီးကိုယ်မှာအရေပြားရောဂါ

စွဲကပ်ခဲ့တယ်….

တစ်နေ့အိမ်မှာသား တစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်တော့ ဖခင်လူမမာကြီးကို

ပွဲထုတ်ရမှာရှက်လို့ဆိုပြီး…အခန်းတစ်ခန်းထဲမှာချောင်ပိတ်ပြီးသော့ခတ်ထားကြတယ်အလုပ်သမားကို

စောင့်ကြည့်ဖို့တာဝန်ပေးပြီးသော့ကိုပါအပ်ခဲ့တယ်…မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်းခရီးနှစ်လ၊သုံးလထွက်မယ်ဆိုပြီး ဖခင်ကိုအလုပ်သမားလက်ထဲမှာ စွန့်ပစ်ခဲ့တယ်….

တစ်ရက်အလုပ်သမားက ဖခင်လူမမာအတွက်လိုအပ်တာ’တွေဝယ်ခြမ်းဖို့ အိမ်တံခါးသောခတ်ပြီးထွက်ခဲ့တယ်…မထင်မှတ်ပဲရုတ်တရက်လမ်းမှာ မတော်တဆမှုတစ်ခုကြောင့် အလုပ်သမားဟာ သေဆုံးသွားခဲ့ရတယ်…..

အိမ်တံခါးခတ်ခဲ့တော့သော့ဟာလည်းသူ့ဆီမှာ….သုံးလကြာတော့…သားသမီးတွေခရီးက

ပြန်ရောက်လာတာပေါ့အိမ်ရောက်တော့ တံခါးကသော့ခတ်လျက်သား..

ပတ်ဝန်းကျင်ကို‌ အလုပ်သမားနဲ့ပတ်သတ်ပြီးမေးမြန်းတော့

ဘာသတင်းမှမရနောက်ဆုံး အိမ်တံခါးကိုချိုးဖျက်ပြီးအထဲဝင်ပြီးဖခင်အခန်းကိုဖွင့်လိုက်တဲ့အခါမှာ

ပုံပါအတိုင်းအနံ့သက်ဆိုးတွေနဲ့ ပုတ်ပွပြီး အရိုးပေါ်အရေတင်မြင်မကောင်းအောင်ဖြစ်နေတဲ့…

မွေ့ယာပေါ်ကဖခင်ကြီးရဲ့အသက်မဲ့ခန္ဓာကိုယ်ကြီးကို မြင်လိုက်ကြရတယ်…..😔

သားသမီးတွေအတွက် ပညာရေး၊စီးပွားရေးအလုံးစုံကို ဘဝနဲ့ရင်းပြီးကြိုးပမ်းပေးခဲ့တဲ့….ဖခင်ကြီးရဲ့ အသက်ဝိဉာဉ် ပြည်ဖုံးကားချတဲ့အချိန်ကအင်မတန်ကိုအထီးကျန်ခဲ့တယ်ကူမဲ့သူကယ်မဲ့သူမရှိပဲလောကကြီးကနှုတ်ဆက်ခဲ့ရတယ်…..

နာမကျန်းဖြစ်နေတဲ့မိဘတွေကို တန်ဖိုးထားကြစေလိုရန်ပညာပေးပိုစ့်လေးတစ်ခုအနေနဲ့ India media တစ္ခုကဖြစ်ရပ်မှန်အကြောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်….

မိဘကိုတန်ဖိုးထားတတ်ကြပါစေ

#credit to Author❣❣
==============


မိသားစုအတှကျအမြားကွီးဒုက်ခခံစှနျ့လှှတျပေးခဲ့တဲ့



















#credit to Author❣❣

Be the first to comment

Leave a Reply

Your email address will not be published.


*