ဆိုင္ခန္းမ်ားပိတ္သိမ္းမည္ေၾကျငာအၿပီး ျမန္မာအလာဇာတာဝန္ရွိသူမ်ား ျပည္သူကို ေတာင္းပန္ေၾကာင္း စာထုတ္

ဆႏၵျပလူငယ္ ၂ ေယာက္ကို လုံျခဳံေရးဝန္ထမ္းေတြက ထိုးႀကိတ္ဖမ္းဆီးခဲ့ၾကတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြကို ပိုမိုတင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ တာဝန္ခံမႈေတြကို တိုးျမႇင့္သြားမယ္လို႔ ျမန္မာပလာဇာအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က ထုတ္ျပန္ပါတယ္

မေန႔က နိုဝင္ဘာ ၂၅ ရက္ေန႔မွာ စစ္အာဏာရွင္ကို ေတာ္လွန္ေနၾကတဲ့ လူငယ္ေတြက ျမန္မာပလာဇာမွာ သပိတ္ျပဳလုပ္ေနခ်ိန္မွာ ဆႏၵျပလူငယ္ ၂ ေယာက္ကို ပလာဇာလုံျခဳံ ေရးဝန္ထမ္းေတြက ဝိုင္းဝန္းထိုးႀကိတ္ဖမ္းဆီးခဲ့ၾကၿပီးေနာက္မွာ ထြက္ေျပးလြတ္ေျမာက္ သြားခဲ့တာျဖစ္ပါတယ္

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေဝဖန္မႈေတြ ပ်ံ႕ႏွံ့လာခဲ့တာျဖစ္ၿပီး ျမန္မာပလာဇာ လုံျခဳံေရးဝန္ထမ္းေတြက စစ္ေကာင္စီအလိုက် ဆႏၵျပလူငယ္ေတြကို ခုလိုဖမ္းဆီးတဲ့အေပၚ ရႈတ္ခ်ၿပီး ျပည္သူေတြ အေနနဲ႔ ျမန္မာပလာဇာကို Social Punishment လုပ္ၾကဖို႔ ေတာင္းဆိုထားၾကပါတယ္

ျမန္မာပလာဇာအုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕ကေတာ့ ဒီမိုကေရစီနည္းက် လြတ္လပ္စြာ ေျပာဆိုပိုင္ခြင့္ကို အျပည့္အဝလက္ခံထားၿပီး အဲဒီလိုျပဳမူေဆာင္ရြက္တာေတြအေပၚ တားဆီးပိတ္ပင္တဲ့ မူဝါဒေတြ အလ်ဥ္းမရွိေၾကာင္းနဲ႔ ဒီျဖစ္စဥ္မွာ ျမန္မာပလာဇာ လုံျခဳံေရးဝန္ထမ္းေတြဟာ ေအးခ်မ္းစြာျပဳမူေျပာဆို

ေဆာင္ရြက္ရမယ့္အစား မသင့္ေတာ္လြဲမွားစြာ ျပဳမူေဆာင္ ရြက္ခဲ့တာကို သိရွိရတဲ့အတြက္ အထူးပင္စိတ္မေကာင္းျဖစ္ရေၾကာင္း ေဖာ္ျပထားပါတယ္လက္ရွိမွာေတာ့ ျမန္မာပလာဇာထဲမွာ ဖြင့္လွစ္ထားတဲ့ လူသုံးကုန္၊ ဖက္ရွင္၊ စားေသာက္ ကုန္စတဲ့ ဆိုင္တခ်ိဳ႕က စတင္ၿပီးေတာ့ ပိတ္ထားမယ့္အေၾကာင္း အသိေပးခ်က္ေတြ အသီးသီးထုတ္ ျပန္ေနၾကတာကို ေတြ႕ရပါတယ္

ျမန္မာပလာဇာဟာ ဗီယက္နမ္နိုင္ငံအေျခစိုက္ Hoang Anh Gia Lai HAGL ကုမၸဏီက ၁၀၀ ရာခိုင္ႏႈန္း ရင္းႏွီးျမႇုပ္ႏွံမႈ ပါဝင္တဲ့ ျမန္မာစင္တာရဲ့အစိတ္အပိုင္းတခု ျဖစ္ၿပီး ၿပီး ခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာ ၅ ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ကာ ရန္ကုန္ၿမိဳ႕ရဲ့ အႀကီးဆုံး ေဈးဝယ္စင္တာတခုအေနနဲ႔ လူသိမ်ားပါတယ္

ျမန္မာစင္တာကိုေတာ့ ကမၻာေအးဘုရားလမ္းေပၚက ယခင္စက္မႈ ၁ ဝန္ႀကီးဌာနပိုင္ ေၿမ ေနရာေပၚမွာ ေဒၚလာသန္း ၄၄၀ အကုန္အက်ခံ တည္ေဆာက္ထားခဲ့ၿပီး အဆင့္ျမင့္ လူ ေနတိုက္ခန္းေတြ၊ ေဈးဝယ္စင္တာ၊ ႐ုံးခန္းေတြ၊ ဟိုတယ္ေတြစတာေတြ ပါဝင္တဲ့ စီမံကိန္းအေနနဲ႔ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္

ဆန္ဒပြလူငယ် ၂ ယောက်ကို လုံခြုံရေးဝန်ထမ်းတွေက ထိုးကြိတ်ဖမ်းဆီးခဲ့ကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ခံမှုတွေကို တိုးမြှင့်သွားမယ်လို့ မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့က ထုတ်ပြန်ပါတယ်

မနေ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ လူငယ်တွေက မြန်မာပလာဇာမှာ သပိတ်ပြုလုပ်နေချိန်မှာ ဆန္ဒပြလူငယ် ၂ ယောက်ကို ပလာဇာလုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ကြပြီးနောက်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့တာဖြစ်ပါတယ်

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေက စစ်ကောင်စီအလိုကျ ဆန္ဒပြလူငယ်တွေကို ခုလိုဖမ်းဆီးတဲ့အပေါ် ရှုတ်ချပြီး ပြည်သူတွေ အနေနဲ့ မြန်မာပလာဇာကို Social Punishment လုပ်ကြဖို့ တောင်းဆိုထားကြပါတယ်

မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့ကတော့ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး အဲဒီလိုပြုမူဆောင်ရွက်တာတွေအပေါ် တားဆီးပိတ်ပင်တဲ့ မူဝါဒတွေ အလျဉ်းမရှိကြောင်းနဲ့ ဒီဖြစ်စဉ်မှာ မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းတွေဟာ အေးချမ်းစွာပြုမူပြောဆို

ဆောင်ရွက်ရမယ့်အစား မသင့်တော်လွဲမှားစွာ ပြုမူဆောင် ရွက်ခဲ့တာကို သိရှိရတဲ့အတွက် အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်လက်ရှိမှာတော့ မြန်မာပလာဇာထဲမှာ ဖွင့်လှစ်ထားတဲ့ လူသုံးကုန်၊ ဖက်ရှင်၊ စားသောက် ကုန်စတဲ့ ဆိုင်တချို့က စတင်ပြီးတော့ ပိတ်ထားမယ့်အကြောင်း အသိပေးချက်တွေ အသီးသီးထုတ် ပြန်နေကြတာကို တွေ့ရပါတယ်

မြန်မာပလာဇာဟာ ဗီယက်နမ်နိုင်ငံအခြေစိုက် Hoang Anh Gia Lai HAGL ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ မြန်မာစင်တာရဲ့အစိတ်အပိုင်းတခု ဖြစ်ပြီး ပြီး ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကာ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတခုအနေနဲ့ လူသိများပါတယ်

မြန်မာစင်တာကိုတော့ ကမ္ဘာအေးဘုရားလမ်းပေါ်က ယခင်စက်မှု ၁ ဝန်ကြီးဌာနပိုင် မြေ နေရာပေါ်မှာ ဒေါ်လာသန်း ၄၄၀ အကုန်အကျခံ တည်ဆောက်ထားခဲ့ပြီး အဆင့်မြင့် လူ နေတိုက်ခန်းတွေ၊ ဈေးဝယ်စင်တာ၊ ရုံးခန်းတွေ၊ ဟိုတယ်တွေစတာတွေ ပါဝင်တဲ့ စီမံကိန်းအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*