ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ……

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန်ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ တချိန် သမီးလေး သိဖို့ “ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….

၁၆နှစ်အရွယ် မိန်းကလေး တစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်း တယ်လို့တွေး ရင်တွေးလို့ရသ လိုအန္တရာယ် များလိုက်တာ လို့တွေးရင်လည်းတွေးလို့ ရနိုင်တာကိုး….သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေ

ထမင်းစားဖို့အတွက် ယောက်ျ ားယူ လိုက်မယ် လို့ခပ်လွယ်လွယ်တွေး လိုက်တာတွေသိပ် များနေပြီလားလို့ လည်းတွေးမိပါ့…ခုခေတ်ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေပြောင်းကုန်ကြတာ သမီးတို့မ သိသေးတာ လား?

ယောက်ျားတွေ ကအလုပ်ရှိတဲ့ မိန်းကလေးကိုယ်က သိပ်ရုန်းပေးစရာ မလိုတဲ့မိန်းကလေး ကိုပိုသဘောကျကြ တယ်ဆိုတာ…ငွေရှိ ရင်ရှိ မရှိရင် ပညာတတ်ရာထူ းရှိမှပိုသဘော ကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့မိန်းကလေးကို မှပိုတွဲချင်ကြ တယ်ဆိုတာ..

သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့အရည် အချင်းရှိတဲ့မိန်းကလေး ကိုမှတန်ဖိုးပို ထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြ ချင်ပါဘိ…ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော…..အိမ်ပေါ်တက်လာ တဲ့ချွေးမကိုဘယ်လိုကြို ဆိုကြသလဲဘာပညာမှမတတ်ဘာအ လုပ်မှမလုပ်တတ်ဘယ်နေ ရာမှဝင်မဆန့် တဲ့မိန်းကလေးမျိုးကို ဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမ မျိုးသိပ်ကိုရှားသွားပြီ ဆိုတာငါ့သမီးတို့ သိပါလေစ…

အိမ်ထောင်မပြုခင် လူ့လောကအတွက် အခက်အခဲတွေတွေ့ရ င်ရင်ဆိုင်နိုင်အောင် မိဘတွေကလက်နက်မျိုးစုံ တပ်ဆင်ပေးနေတာ ကိုငါ့သမီးတို့ သိပါလေစ…ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာကြည့် စရာမလိုဘူး

ရော့ အတွေးအခေါ်လက် နက်ဘယ်ဟာအကောင်း ဘယ်ဟာအ ဆိုးငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက် ငါ့မှာအလုပ်အကိုင်ရှိ တယ်အသိုင်းအဝိုင်းရှိ တယ်ငါ့တစ် ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်

အဲဒီလို လက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလားမွေးရာ ပါလက်နက်ဟာ တစ်ဘဝလုံးအတွက် အာမခံချက် မရှိဘူးဆိုတာငါ့သမီ းတို့ကိုပြောပြမယ့် သူမရှိဘူးလား…ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့…လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ…

တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျ ားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီးကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျ ားမျိုးဆိုရင်…လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့…

ကဲဘဝက ထင်သလောက်လွယ်သေးလား?လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲထွက်လိုက်စမ်းပါ…ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့ အတွက်ဘယ် သူ့ကိုမှဂရုစိုက် စရာမလိုတဲ့မိန်းကလေးဟာ ကမ္ဘာပေါ်မှာအလှဆုံးပဲထမင်းစားဖို့ လင်ယူစရာမလို တဲ့မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ ငါ့သမီးတွေကမ္ဘာ့အလှဆုံး မိန်းကလေးတွေဖြစ်ကြ စမ်းပါ

ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ

တခ်ိန္ငါ့သမီးေလးကို ေျပာျပရမယ္ ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာ ကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ တခ်ိန္ သမီးေလး သိဖို႔ “ကိစၥမရွိဘူး ငါတို႔ကအခ်ိန္တန္ေယာက္်ားယူမွာ ေယာက္်ားကရွာေကြၽးလိမ့္မယ္”တဲ့ဘာရယ္မဟုတ္ ၿပဳံးေတာ့ၿပဳံးမိသား….

၁၆ႏွစ္အ႐ြယ္ မိန္းကေလး တစ္ေယာက္ရဲ႕အေတြးက သိပ္႐ိုးရွင္း တယ္လို႔ေတြး ရင္ေတြးလို႔ရသ လိုအႏၲရာယ္ မ်ားလိုက္တာ လို႔ေတြးရင္လည္းေတြးလို႔ ရႏိုင္တာကိုး….သမီးတို႔အေနနဲ႔ေယာက္်ားေနာက္လိုက္သြား႐ုံနဲ႔အရာရာအဆင္ေျပသြားမယ္လို႔ထင္ေနၾကတာေတြ

ထမင္းစားဖို႔အတြက္ ေယာက္် ားယူ လိုက္မယ္ လို႔ခပ္လြယ္လြယ္ေတြး လိုက္တာေတြသိပ္ မ်ားေနၿပီလားလို႔ လည္းေတြးမိပါ့…ခုေခတ္ေယာက္်ားေတြ(အမ်ားစု)က အေတြးအျမင္ေတြေျပာင္းကုန္ၾကတာ သမီးတို႔မ သိေသးတာ လား?

ေယာက္်ားေတြ ကအလုပ္ရွိတဲ့ မိန္းကေလးကိုယ္က သိပ္႐ုန္းေပးစရာ မလိုတဲ့မိန္းကေလး ကိုပိုသေဘာက်ၾက တယ္ဆိုတာ…ေငြရွိ ရင္ရွိ မရွိရင္ ပညာတတ္ရာထူ းရွိမွပိုသေဘာ က်ၾကတယ္ဆိုတာ…အလုပ္လုပ္တတ္ စီးပြားရွာတတ္ အျမင္က်ယ္တဲ့မိန္းကေလးကို မွပိုတြဲခ်င္ၾက တယ္ဆိုတာ..

သူတို႔ကိုအစစအရာရာ သိပ္မမွီခိုတဲ့အရည္ အခ်င္းရွိတဲ့မိန္းကေလး ကိုမွတန္ဖိုးပို ထားၾကတယ္ဆိုတာ…ငါ့သမီးတို႔သိေအာင္ေျပာျပ ခ်င္ပါဘိ…ေယာက္်ားလုပ္စာလက္ျဖန႔္ေတာင္းၿပီးအိမ္မွာပဲ ထမင္းခ်က္ ကေလးထိုင္ေမြးမယ့္မိန္းကေလးမ်ိဳးကိုသိပ္မေ႐ြးခ်င္ၾကေတာ့ဘူးဆိုတာလည္းေျပာျပခ်င္ေသးတယ္(တခ်ိဳ႕ေတြကိုဆိုလိုတာေနာ္အားလုံးလို႔မေျပာဘူး)

ခုေခတ္ေယာကၡမေတြကေရာ…..အိမ္ေပၚတက္လာ တဲ့ေခြၽးမကိုဘယ္လိုႀကိဳ ဆိုၾကသလဲဘာပညာမွမတတ္ဘာအ လုပ္မွမလုပ္တတ္ဘယ္ေန ရာမွဝင္မဆန႔္ တဲ့မိန္းကေလးမ်ိဳးကို ဝမ္းသာအားရႀကိဳဆိုမယ့္ေယာကၡမ မ်ိဳးသိပ္ကိုရွားသြားၿပီ ဆိုတာငါ့သမီးတို႔ သိပါေလစ…

အိမ္ေထာင္မျပဳခင္ လူ႔ေလာကအတြက္ အခက္အခဲေတြေတြ႕ရ င္ရင္ဆိုင္ႏိုင္ေအာင္ မိဘေတြကလက္နက္မ်ိဳးစုံ တပ္ဆင္ေပးေနတာ ကိုငါ့သမီးတို႔ သိပါေလစ…ေရာ့ ပညာလက္နက္ငါ့ပညာနဲ႔ငါလုပ္စားလို႔ရတယ္ လင္မ်က္ႏွာ ေယာကၡမမ်က္ႏွာၾကည့္ စရာမလိုဘူး

ေရာ့ အေတြးအေခၚလက္ နက္ဘယ္ဟာအေကာင္း ဘယ္ဟာအ ဆိုးငါခြဲျခားႏိုင္တယ္ေရာ့ အလုပ္အကိုင္လက္နက္ ငါ့မွာအလုပ္အကိုင္ရွိ တယ္အသိုင္းအဝိုင္းရွိ တယ္ငါ့တစ္ ဝမ္းတစ္ခါး ငါရွာစားႏိုင္တယ္

အဲဒီလို လက္နက္ေတြပါသြားေတာ့ ပိုမေကာင္းဘူးလားေမြးရာ ပါလက္နက္ဟာ တစ္ဘဝလုံးအတြက္ အာမခံခ်က္ မရွိဘူးဆိုတာငါ့သမီ းတို႔ကိုေျပာျပမယ့္ သူမရွိဘူးလား…ပညာကမစုံအေတြ႕အႀကဳံကမရင့္က်က္အလုပ္အကိုင္ကမရွိနဲ႔လင္ယူလိုက္႐ုံနဲ႔ဒုကၡေတြၿငိမ္းသြားတာမဟုတ္ဘူး ငါ့သမီးတို႔…လင္ယူလိုက္မွဒုကၡေတြစတာဆိုတာေျပာျပခ်င္လိုက္တာ…

တကယ္လို႔မ်ားသမီးေလးတို႔ေ႐ြးခ်ယ္လိုက္တဲ့ေယာက္် ားဟာကုတင္ေပၚမွာပဲ ခ်စ္တတ္ၿပီးက်န္တဲ့အခ်ိန္မွာဘဝရဲ႕ဒုကၡေတြအခက္အခဲေတြကိုမွ်ေဝခံစားေဖာ္မရတဲ့ေယာက္် ားမ်ိဳးဆိုရင္…လင္ယူၿပီးမွ ကိုယ့္ဝမ္းကိုယ္ရွာစားေနရၿပီးသူ႔ကိုပါရွာေကြၽးေနရရင္ငါ့သမီးတို႔အလကားေနအလကားလင္တစ္ေယာက္အဖက္တင္ေနမွာေပါ့…

ကဲဘဝက ထင္သေလာက္လြယ္ေသးလား?လိုအပ္တဲ့လက္နက္မ်ိဳးစုံ အစုံအလင္ပါမွေလာကႀကီးထဲထြက္လိုက္စမ္းပါ…ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္တဲ့မိန္းကေလးဟာကမာၻေပၚမွာအလွဆုံးပဲ

ကိုယ္ရပ္တည္ဖို႔ အတြက္ဘယ္ သူ႔ကိုမွဂ႐ုစိုက္ စရာမလိုတဲ့မိန္းကေလးဟာ ကမာၻေပၚမွာအလွဆုံးပဲထမင္းစားဖို႔ လင္ယူစရာမလို တဲ့မိန္းကေလးဟာ ကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ ငါ့သမီးေတြကမာၻ႔အလွဆုံး မိန္းကေလးေတြျဖစ္ၾက စမ္းပါ

Be the first to comment

Leave a Reply

Your email address will not be published.


*