ဘဝမှာ အရမ်းကြီး ကြပ်တည်းပြီး ဒုက္ခရောက်နေရင်….

ဘဝမှာ အရမ်းကြီး ကြပ်တည်းပြီး ဒုက္ခရောက်နေရင်

မင်္ဂလာပါ ပရိတ်ကြီးရေ ဒီနေ့မှာတော့ ပရိသတ်တို့အတွက် စီးပွားရေး၊ လူမှုရေးနှင့် ဘဝမှာ အ ရာရာတိုင်း အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့နေရတာကို ဖြေရှင်းနိုင်ဖို့ အတွက် နည်းလမ်းကောင်းလေး တစ်ခုကို မှိဝေပေးချင်ပါတယ်။

အဲ့ဒါက တော့ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးပဲ ကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။

မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကိုစတင် ပူဇော်ကာစမှာ အလွတ် ရွတ်ဖတ် စရာမလိုပါဘူး စာအုပ်ကိုကြည့်ပြီး ရွတ်ဖတ် ပူဇော်တတ်ရင် ရနေပါပြီ။ စပြီးပူဇော်ကြည့် ယုံနဲ့ မိမိရဲ့ စိတ်အနေ ဘယ်လောက်အေးချမ်း လာတယ်ဆိုတာ ပထမ ဦးဆုံး သိလာပါမယ်။

ပူဇော်တဲ့သက်တမ်း ရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါလိမ့်မယ်။

လောကီ ချမ်းသာတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ လောကုတ္တရာအတွက်လည်း ကြီး မြတ်သော အထောက်အပံ့ ကောင်းတစ် ခုကိုမိမိလက်ဝယ် ပိုင်ဆိုင်နေတာ ကိုလည်းတွေ့လာရပါမယ်။ ကောင်းတဲ့အလုပ်တွေပဲ လုပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။

ဘဝမှာကောင်းမြတ်သော မျှော်လင့်ချက်တွေနဲ့ ရှင်သန်လာပါလိမ့်မယ် ဘဝတိုးတက် အောင်မြင်မှုကို ပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။

ဒုက္ခပေါင်းစုံနဲ့ ဆင်းရဲတွင်းက လွတ်ကင်း စေနိုင်တာလည်း မဟာ သမယသုတ်တော်ပါပဲ လောကအလယ်မှာ အထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာ ကောင်းမှု ကုသိုလ်တွေကို အဆင့်အတန်း မြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင်။

မဟာသမယသုတ် တော်ကြီးကိုသာ ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်ကြပါ အေးချမ်းပါလိမ့်မယ်၊ အောင်မြင်လာပါလိမ့်မယ်၊ ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်း ရရှိပိုင်ဆိုင် လာရပါလိမ့်မယ်။

မဟာသမယသုတ်တော်ကို ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသော ပြောင်းလဲခြင်းများနဲ့ ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ဘဝမှာ မှတ်တိုင်စိုက်ထူပြီးဖြစ်ပါတယ်။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို နာယူရသော ကြောင့်ဘုရားရှင်လက် ထက်တော်မှာ ကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်

မြတ်တွေလည်း အများ ကြီးရှိကြပါတယ်။ အခုလောကီ မှာလည်းကောင်းကျိုးမျိုးစုံ စံစားခံစားနေရတဲ့ ထူးခြားတဲ့ လူသားတွေလည်း အများကြီး ရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေး နက်နက် တိုက်တွန်းလိုက်ပါတယ်။

မူရင်း

Zawgyi












မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*